ယောက်ျားထုကြီးကို ကာကွယ်ရမယ့် အချိန်ရောက်ပြီ

ယောက်ျားထုကြီးကို ကာကွယ်ရမယ့် အချိန်ရောက်ပြီ

December 13, 2019 Admin Kwee LIFESTYLE Comments Offon ယောက်ျားထုကြီးကို ကာကွယ်ရမယ့် အချိန်ရောက်ပြီ
ဒီနှစ်တွေမှာ ယောက်ျားထုကြီးအတွက် အကာအကွယ်မဲ့နေတယ်။ ပထမဆုံး ကိုကို…ဘေဘီ့ကို ရေချိုးပေးလို့အခိုင်းခံခဲ့ရတဲ့ အဆိုတော်တစ်ယောက်။ ရက်စက်ကြမ်းကြုတ်သော ပုဒ်မတွေနဲ့ အခုအထဲကို ရောက်နေပြီ။ ဘေဘီ..ပျော်ရဲ့လား လို့မေးပြီး သူကတော့ မပျော်နိုင်တော့ဘူး။
ပြီးတော့ ဂျပန်ခေတ်တော်လှန်ရေးသူရဲကောင်းကြီး။ သူလဲ ကံကောင်းလို့ လွတ်တာ။ သမီးကလေ.. သမီးကလေဆိုပြီး ပြောလိုက်ရင် နောက်ဂျွမ်းပါပစ်သွားနိုင်တဲ့ အန်တီကြီးက မဟားဒရားလုပ်ပါတယ်ဆိုပြီး တိုင်တာ။ ။ လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တဲ့ မျက်နှာကိုမှ မထောက်။ အခုထိ အမှုက စစ်နေတုန်းပဲ။
အခုတစ်ခါ လာပြန်ပြီ။ မိုးတွေကရွာ၊ ကားကမပါတော့၊ အခန်းထဲမှာ ဘာညာဖြစ်ခဲ့တဲ့ဇာတ်လမ်း။ တွေ့တွေ့ချင်းဘာညာလိမ့်မယ်လို့ မထင်ခဲ့ဘူးတဲ့။ နဂိုထဲက ပရဟိတဆို ရှေ့ဆုံးကရောက်တတ်လွန်းလို့ လူမုန်းခံနေရပါတယ်ဆို ခုတော့ သူတို့အတွက် ချနင်းစရာ အကွက် တွေကို ဖြစ်လို့။
ယောက်ျားထုကြီးကို ကာကွယ်ရမယ့်အချိန် 2
ဖက်ပေါ်ဆူးကျလဲ ဆူးကျိုး၊ ဆူးပေါ်ဖက်ကျလဲ ဆူးကျိုး။ ဖက်ကြောတင်းတဲ့ခေတ်။ တွင်းထဲမှာ အောင်းအောင်း၊ တွင်းပြင်မှာ သွားသွား။ တွင်းနားရောက်ပြီဆိုတာနဲ့ မြွေအပြစ်ဖြစ်တဲ့ခေတ်။ ဂစ်..။
ဟိုအဖွားအရွယ်နဲ့ဖြစ်တယ်ဆိုတဲ့ ကတုံးမင်းသား မှတ်မိလား။ အဲလိုဖြစ်တာ မဟုတ်ပါဘူးလို့ ငိုယိုပြီးရှင်းပြတုန်းကလဲ လူတွေ လက်မခံ ဘူး၊ အခု ပရဟိတမင်းသားကြီး၊ ရယ်မောပြီး ရှင်းပြတော့လဲ လူတွေက သောက်မြင်ကပ်ပြီးဆဲကြပြန်ရော။ ကိုယ့်အကောင့်ထဲက ဒေါက်တာကြီးတစ်ယောက်ကတောင် စတေးတပ်ရေးပြီးရှယ်တယ်။ ခုတော့ရွံသွားပြီတဲ့။ So Sad 🙁
စမူဆာပြဿနာတက်ပြီဆိုတာနဲ့ ယောက်ျားထုကြီးက အလိုအလျောက်အရှုံးပဲ။ ကျောက်ပျဉ်ပေါ်ဥကျလဲ ဥကွဲ၊ ဥပေါ်ကျောက်ပျဉ်ကျလဲ ဥကွဲ။ ဘယ်လိုလိုနေနေခံဘက် ဖြစ်နေရပြီ။ ပလာယာနဲ့အညှပ်ခံရတဲ့ သံလိုမျိုး ပလာယာကြားမှာ လိုသလိုပုံဖော် ကွေးကောက်ခံနေရပြီ။
ဒါဟာ ဘုရားဆုပန်ဖို့ ယောက်ျား လေးဖြစ်အောင်အရင်ဆုတောင်းရတယ်ဆိုတဲ့ ယောက်ျားထုရွှေခေတ်ကြီး တစ်ဖြည်းဖြည်းပျောက်ဆုံးလာတဲ့ သဘော။ ဒီကြားထဲ မထက်တို့လိုမျိုး မွေးရာပါအပင်ကို ခုတ်လှဲနေကြသူတွေကြောင့် မကြာခင် ယောက်ျားထုကြီး မြန်မာနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်သွားမယ့် အနေအထားမှာ ရှိနေတယ်။
ဒီအချိန်မှာ ကျွန်တော်တို့ ဒီတိုင်းနေလို့မရတော့ဘူး။
ကျွန်တော်တို့ ယောက်ျားထုကြီးကို ကာကွယ်ရမယ့် အချိန်ရောက်နေပါပြီ။
ဦးတိမ်
ဓာတ်ပုံ၊ U Pyi Sone

https://thadinyatkwat.com/archives/14632

Published by Marshmallow

Marshmallow Android is BT Ireland’s Head of Sales for Republic of Ireland domestic multi-site companies, indigenous MNCs and public sector accounts. He is responsible for the direction and control of all sales activity in the region. He has over 10 years management experience from high growth start-ups to more established businesses. He’s led teams in Ireland, India and China across various industries (ICT, On-Line Recruitment, Corporate Training and International Education).